ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ဘုရားဖူးပြည်သူများဖြင့် စည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ဘုရားဖူးပြည်သူများဖြင့် စည်းကား



MNP - အောက်တိုဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁ / ရေငယ်) ရှိ  ဓမ္မရတီကုန်းမြေပေါ်တွင်တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးအား ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) နံနက်ပိုင်းမှ စတင်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ လာရောက်ဖူးမျှော်ကြည်ညိုနေကြသည်မှာ စည်ကားများပြားလျက်ရှိသည်။  


ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများသည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားဖြစ်သည့် မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရားကြီးအား ဦးစွာလာရောက်ဖူးမျှော်ကြည်ညိုကြပြီး ဘုရားပန်းများကပ်လှူပူဇော်ခြင်း၊ ဘုရားစာများ ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းများကပ်လှူပူဇော်ခြင်း၊ ဘက်စုံသုံးအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဖြင့် ကုသိုလ်ယူခြင်းနှင့် အပန်းဖြေအနားယူပြီး နေ့လည်စာများဖြင့် ခင်းကျင်းစားသုံးခြင်းနှင့် အလှူရှင်များမှ အအေးဖျော်ရည်များ တိုက်ကျွေးခြင်းတို့ဖြင့် မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ပတ်ဝန်းကျင်တစ်လျှောက် စည်ကားများပြားလျက်ရှိသည် ။


ယခုလိုသီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများသည်  မိသားစုနှင့်အတူ မြန်မာနိုင်ငံ၏  ခရီးသွားမြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်ရသည့်တွက်   လည်ပတ်သူတို့အတွက် ကုသိုလ်များရရှိခြင်း၊ စိတ်ကိုလန်းဆန်းစေခြင်း၊ နှစ်သစ်အတွက် အားမာန်အပြည့်ရှိခြင်းနှင့် ဒေသထွက်ပစ္စည်းများကို ဝယ်ယူရရှိသဖြင့် အလွန်ပင်ဝမ်းသာ ပီတိဖြစ်ရပါကြောင်း ခရီးသွားပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)