ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသ ဆောင်ရွက်



MNP ၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကိုယနေ့ နေလယ်ကပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ နံရံကပ်စာစောင်တွင် ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ ၊ရေကြီးခြင်းဖြစ်ပေါ်ချိန်တွင်လိုက်နာရန်အချက်များ၊ရေကြီးပြီးနောက်လိုက်နာရန်အချက်များ၊ရေကြီးခြင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်များ၊ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသည့်အချက်များ၊ရေကြီးပြီးနောက်ရှောင်ရှားသင့်သည့်အချက်များ၊ မီးဘေး၊လေဘေးများအတွက်ကြိုတင်ပြင်ဆင်မှုများစသည့်အချက်များကိုပြသဆောင်ရွက်ခဲ့သည်။


ရာသီဥထုပြောင်းလဲမှုကြောင့် နိုင်ငံအတွင်း အခါအားလျော်စွာ ရေကြီးခြင်း ၊မြေပြိုခြင်း၊မီးလောင်ခြင်း၊မုန်တိုင်းများ၊ဆိုင်ဂလုံး မုန်တိုင်းများပိုမိုဆိုးရွားလာစေပါသည်။အချို့သောသဘာဝဘေးအန္တရာယ်များတွေဟာ တားဆီးလို့မရနိုင်သည့်အတွက် ထိခိုက်ဆုံးရှုံးမှုနှင့် အကျိုးဆက်များကို လျော့ပါးစေရန်၊ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်ခြင်းများကိုလုပ်ဆောင်နိုင်မှာဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)