ဘားအံမွေးမြူရေးဇုန်၌ တိုးပွားသဘာဝ မြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမွေးမြူရေးဇုန်၌ တိုးပွားသဘာဝ မြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲ ကျင်းပ




MNP ၊ အောက်တိုဘာ ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဓာတ်မြေဩဇာသုံးစွဲခြင်းကို လျော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာအစားထိုးပြောင်းလဲ သုံးစွဲလာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွားသဘာဝ မြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲတို့ကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါစက်ရုံများတည်နေရာ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုးပွားသဘာဝမြေဩဇာ စက်ရုံပိုင်ရှင် ဦးသိန်းမြင့်တို့က တိုးပွားသဘာဝမြေဩဇာစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုးပွားသဘာဝမြေဩဇာစက်ရုံတွင် တောင်သူများမှ သဘာဝမြေဩဇာလာရောက်ဝယ် ယူအားပေးနေမှုနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ်အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဩဇာမင်းသဘာဝမြေဩဇာ စက်ရုံဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စက်ရုံပိုင်ရှင်ဦးချမ်းစိန်တို့က စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ဩဇာမင်းသဘာဝမြေဩဇာ စက်ရုံတည်နေရာ၌ ကျင်းပရာ ကရင် ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်မြေဩဇာများသည် လတ်တလောအထွက်နှုန်း ကောင်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိုက်ပျိုးမြေ၏ သဘာဝအာနိသင်ကို ထိခိုက်ပျက်စီးစေပြီး အန္တရာယ်ဖြစ်စေသည့်အတွက် ဘေးထွက်ဆိုးကျိုးမရှိသည့် သဘာဝမြေဩဇာများကို တွင်ကျယ်စွာအသုံးပြုသင့်ကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း အခြားဓာတ်မြေဩဇာများ ထက်အဆများစွာသက်သာပြီး တောင်သူများအားလုံးဝယ်ယူ အသုံးပြုနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ယခုကဲ့သို့  သဘာဝမြေဩဇာစက်ရုံများဖွင့်လှစ် နိုင်ခြင်းသည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍကိုဖွံ့ဖြိုးတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြော်ငြာခြင်း၊ ထုတ်ကုန်များ တိုးမြှင့်ရောင်ချနိုင်ရေး ဈေးရောင်းပွဲတော်များ၊ ပြခန်း၊ ပြပွဲများ ကျင်းပနိုင်ရေးဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုးပွားသဘာဝမြေဩဇာ လုပ်ငန်းရှင်နှင့် ဩဇာမင်းသဘာဝမြေဩဇာ လုပ်ငန်းရှင်တို့က သဘာဝ မြေဩဇာစက်ရုံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)