ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်မည့်ဆင်များ၊ ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ်ချီးမြှင့်ထောက်ပံ့ငွေ (၁၂၈)သိန်း ကျပ်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်မည့်ဆင်များ၊ ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ်ချီးမြှင့်ထောက်ပံ့ငွေ (၁၂၈)သိန်း ကျပ်ထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ  ၁၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှ ပြိုင်ပွဲကိုအောက်တိုဘာ(၂၂)နေ့တွင် စည် ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဆင်များ၊ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ် ချီးမြှင့်ထောက်ပံ့သည့်အခမ်းအနား ကို  ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ငွေကျပ်(၁၂၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်ဆင်အကအလှပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်ဦးက ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲဆင်များ၊ ဈေးပတ်ဆင်များ အနေဖြင့် မြို့၏ ဂုဏ်ကိုဆောင်ကာ ရိုးရာယဉ်ကျေးမှုဆင်အကအလှများဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြစေလို ကြောင်းနှင့် အမှတ်ပေး ဒိုင်ချုပ်ဥက္ကဋ္ဌ ဦးညွှန့်ဝေနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်စည်းကမ်းများ၊ အမှတ် ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ဆင်အကပညာရှင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆင်အကအလှ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက အောင်မြင် စွာကျင်းပရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကြိုတင် ပြင်ဆင်စရိတ်ချီးမြှင့်ထောက်ပံ့ငွေ(၁၂၈)သိန်းကျပ်အား ဆင်အကအဖွဲ့များ  ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။


ဆင်အကအလှပြိုင်ပွဲတွင် ဧည့်ခံဆင်၊ ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေးဆင်၊ သက်ကြီးဆင်၊ တီထွင်ဆန်းသစ်မှုဆင်နှင့် ဈေးပတ်ဆင်စုစုပေါင်း ဆင်အစီးရေ(၆၈)စီးဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)