ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား



MNP - အောက်တိုဘာ   ၈


ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊  အောက်သုခရပ်ကွက်၊ ထွန်းသီရိကုန်း တောင်စောင်းများပေါ်မှ မြေပြိုသဖြင့် တောင်စောင်းမြေနံရံအနီးရှိ နေအိမ် တစ်လုံးနံရံပြိုပျက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်တွင် အဆိုပါနေ့ မွန်းလွဲပိုင်းမှ စတင်ကာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ကော့သောင်းမြို့၊ အောက်သုခရပ်ကွက်၊ ထွန်းသီရိကုန်း တောင်စောင်းများပေါ်မှ   မြေသားထုများ ပြိုကျမှုဖြစ်ပွားကာ တောင်ခြေနံရံအနီးရှိ သွပ်မိုးသွပ်ကာအဆောက်အဦး တစ်လုံးနံရံပေါ်ပိမိကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် လူနှင့်အခြားထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှင်းလင်းဖယ်ရှား ကယ်ဆယ်ကူညီမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)