ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အမှတ် (၁) ရပ်ကွက်၌ ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အမှတ် (၁) ရပ်ကွက်၌ ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ



MNP - အောက်တိုဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ ကြောင်း သိရသည်။


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည် (၁၇၀၀) ကျပ် ကြက်ဥတစ်လုံး (၁၇၅) ကျပ်  ဆီတစ်ပိသာ (၄၁၅၀) ကျပ်နှုန်းတို့ ဖြင့် ရောင်ချပေးလျက်ရှိပြီး ပြည်သူများ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။


ပြည်သူများ လွတ်လပ်စွာဝယ်နိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဈေးလာဝယ်ကြသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)