မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ လာရောက်ကပြဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ လာရောက်ကပြဖျော်ဖြေ



MNP - အောက်တိုဘာ   ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့  ည (၇) နာရီမှ စတင်၍ မိုင်းဆတ်မြို့နယ်၊ ဆက်သွယ်ရေး (၁၀)တပ်ရင်းရှိ ကွင်းပြင်၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


အဆိုပါကပြဖျော်ဖြေပွဲတွင် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဗိုလ်ကြီးသန်းမြင့်ဦးဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်တေးသီချင်းများဖြင့်သီဆိုကပြမှု ဖျော်ဖြေရေး အစီအစဉ်များ၊ တစ်ခန်းရပ်ဟာသပြဇာတ်များ၊ အငြိမ့်အစီအစဉ်နှင့် မျက်လှည့် လက်လှည့် အစီအစဉ်များဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)