MNP - အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ သိမ်တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှေ့ဆုံးမှပင့်ဆောင်၍ ပင့်သံဃာ ဆရာတော်အရှင်သူမြတ် အပါး (၈၆) ပါးဖြင့် ရှင်ဆပဒရဟန္တာသိမ်တော်ကြီးမှ စတင်ကာ သိမ်တော်ကြီး လမ်းတစ်လျှောက် ကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး ဒေါ်နီလာထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့သူ/မြို့သားများနှင့် စေတနာရှင်အလှူရှင်များက နဝကမ္မ၊ ဝတ္တုငွေများ၊ ဆွမ်းဆန်တော်၊ ကြက်သွန်၊ ကော်ဖီမစ်၊ အချိုရည် မျိုးစုံနှင့် ဆပ်ပြာအပြင် စသည့်လှူဖွယ်ဝတ္ထုအစုစု ပစ္စည်းမျိုးစုံကို မြို့လုံးကျွတ် စည်ကား သိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြသည်။
မဟာပဝါရဏာသိမ်ဆင်း လောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာ အလှူခံကြွရောက်တော်မူနိုင်ရန် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment