ကျောက်ဖြူမြို့တွင် (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ










MNP ၊ အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျောက်ဖြူမြို့နယ် ပညာရေးမိသားစုမှကြီးမှူး၍  (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်း အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကမ္ဘာ့ဆရာများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူမြို့နယ်ပညာရေး ဌာနမှ ဆရာ၊ ဆရာမများ၏  မတည်ငွေနှင့် နိုင်ငံတော်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေဖြင့် (၉၀×၃၅)ပေ ကုမုဒြာခန်းမအား ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီး နှစ်ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို (အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ)ဆရာမများက အနန္တမြတ်ဆရာ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ညွှန်ညွှန်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက် ၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းဖြင့် အခမ်းအနားသို့တက်ရောက်လာကြသော ဆရာ၊ ဆရာမများက ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးတင်ရွှမူလတန်းပြီး ဒေါ်ရွှေနုအေး၊ ဆရာကြီး ဦးအောင်သန်းမြင့်တို့က အသီးသီး ဩဝါဒစကား ပြောကြားခဲ့ကြ သည်။


အဆိုပါအခမ်းအနားကို (အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ)ဆရာမများက မြတ်ဆရာ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (၁၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ သို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၉၇) ဦးတက်ရောက်ခဲ့ပြီး ကန်တော့ခံမလာရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးအား နေအိမ်အရောက်သွားရောက် ကန့်တော့ခဲ့ကာ ကျန်ရှိ ၂၁ ဦးအား စနဲမြို့ တွင် အောက်တိုဘာ(၈)ရက်နေ့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အသက်(၆၅)နှစ် အထက် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၅၃)ဦးအား ကန့်တော့သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ထံမှသိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)