ဇလွန်မြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၀ လုံး ပြိုလဲပျက်စီးခြင်းနှင့် ၇၃ လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ပြိုလဲနေအိမ် ၄၀ လုံးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အမိုးလန်နေအိမ် ၇၃ လုံးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၃၀၀၀၀ နှုန်း၊ ဆန်ရိက္ခာတစ်ပတ်စာအတွက် လူဦးရေ ၃၉၇ ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်း၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာပေါ်လင် ၁၁၃ ချပ်၊ Hygiene Parcel (၇၃) ပုံး၊ Content List Of Hygiene Kit (၄၀)ပုံးတို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)