မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင် တန်း ဆင်းပွဲ ကို ယနေ့ နံနက်  ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။ 

အခမ်းအနားတွင်  နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်းက အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းဖွင့်လှစ်ပေးထားခြင်းအား ဖြင့် နယ်စပ်ဒေသတိုင်းရင်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးများ ဆောင်ရွက်ကာ မိမိဘဝ ၊ မိမိ ဒေသဖွံ့ ဖြိုးတိုး တက် ရေးကို လက်တွေ့ကျကျဆောင်နိုင်မှာဖြစ်ကြောင်း ၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေး နိုင်ရေး ၊ မိသားစုဝင်ငွေကို တစ်ဘက်တစ်လမ်းမှ သမာအာဇီဝ ကျစွာ ရှာဖွေနိုင်ကြောင်း ၊ တစ်ဦးချင်းဝင်ငွေ တိုး ပွား လာခြင်းဖြင့် ဆင်းရဲ နွမ်း ပါးမှု လျော့ချစေနိုင်ရေး ၊ လုပ်ငန်းစဉ်များအတွက် အထောက် အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြော ကြား ခဲ့သည်။ 

ထို့နောက် နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦး တို့က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၃) သင်တန်းတွင် ထူးချွန်စွာ ပထမ ရရှိခဲ့သူအား ဆု ရရှိသူအား ဆုများ ဂုဏ်ပြုဆုငွေ နှင့် အပ်ချုပ်စက်တစ်လုံးအား ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဝင်(၃) ခရိုင်လဝကမှူး ဦးထွန်းလှဇံ နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွန် ကြာရေးမှူး ဦး ကျော် မြင့် ဦး မှ သင်တန်းဆင်းလက်မှတ်များနှင့် ဒုတိယ၊ တတိယ ဆုရရှိသူ များ အား အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်မိခင် ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းမှ ဂုဏ်ပြု လက် ဆောင် များပေးအပ်ခဲ့ရာ အဆင့် မြင့် အိမ် တွင်းမှု စက်ချုပ် သင် တန်း အမှတ်စဉ်(၃) သင်တန်း တက်ရောက်သင်ယူခဲ့သည့်  သင်တန်းသူတစ်ဦးမှ ကျေးဇူး တင် စကား ပြောကြားခဲ့သည်။

ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး  နှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံ အုပ် ချုပ်ရေး အဖွဲ့ဝင်များ ၊ နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွန် ကြားရေးမှူး ဦးကျော်မြင့်ဦး နှင့် ဌာနဆိုင်ရာ များက အဆင့်မြင့် အိမ် တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၃) သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသူများ၏  လက်ရာများအား အမျိုး သမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ  လိုက်လံ ရှင်းလင်း ပြသ ခဲ့သည်။ အဆိုပါ သင်တန်းတွင်  သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ရာ သင် တန်းမှ ပို့ချ ပေး လိုက် သည့် ပညာရပ်များဖြင့် ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း များရှိစေပြီး တစ်ပိုင် တစ်နိုင် အ သက်မွေးဝမ်းကျောင်း လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် နိုင်ပြီးဖြစ်ကြောင်းသိရသည်။ အခမ်း အနားသို့ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ၊ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ အိမ်တွင်းမှု ပညာသင်တန်းကျောင်းမှ ဆရာမ များနှင့် သင်တန်း သူများ နှင့် တာဝန်ရှိသူ များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)