သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်


MNP ၊  အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ မွန်းလွှဲပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်‌ကျေးရွာများသို့  သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများကစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကှိဗစ်-၁၉ ရောဂါသည် ယခု အချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ်  အဖြစ် ကူးစက် ပြန့်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း အကြိမ်ပြည့် ထိုးနှံကြရန်၊ အပြင်ထွက်ပါကပါးစပ်၊နှားခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းလိုက်နာကြရန် စသည့်အသိပေး နိူးဆော်ခြင်းများ ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)