၂၀၂၂ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ







MNP ၊ အောက်တိုဘာ ၁၉

၂၀၂၂ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။


နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။


ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများ၊  ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့  ထည့်သွင်းကြသည်။


ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၄၀၀)၊ ကျောက်မျက်အတွဲပေါင်း(၁၂၀)နှင့် ကျောက်စိမ်း အတွဲပေါင်း (၂၁၅၀) တို့ကို ရောင်းချပေးသွားမည်ဖြစ်ကာ ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည်ဖြစ်သည်။


ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ် ယူသူများဖြင့် စည်ကားလျက်ရှိသည်။


ယခုပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပုလဲအတွဲများကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ခင်းကျင်းပြသပြီး အောက်တို ဘာ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ကျောက်မျက်အတွဲများ ကို အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိခင်းကျင်းပြသပြီး အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)