MNP - အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့ ပူးပေါင်း၍ မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရရှိစေရေးအတွက် အောက်တိုဘာ ၆ ရက် က ဈေးတန်းကွက်သစ်ရပ်ကွက်၌ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးတို့နှင့် ပူးပေါင်း၍ ဈေးတန်းကွက်သစ်ရပ်ကွက်အတွင်း မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရရှိစေရေးအတွက် တစ်အိမ်ထောင်စုစီ၏ လူဦးရေစာရင်းများကို တိုက်ဆိုင်စိစစ်၍ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပါယ်ဖျက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူဦးရေစာရင်းများကို တိုက်ဆိုင်စိစစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ရေးမှူး ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment