ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်

 




MNP - အောက်တိုဘာ   ၁၇


အခြေခံပညာကျောင်းများမှစ၍ ထူးချွန်ထက်မြက်သည့်အမျိုးသား/အမျိုးသမီး မျိုးဆက်သစ်လူငယ် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။


ဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းနှင့် မြဝတီမြို့နယ်ဘောလုံး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ ဘောလုံးအားကစားဝါသနာရှင် များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ဗိုလ်လုပွဲစဉ်တွင် မြဝတီမြို့နယ်ဘောလုံးအသင်းက လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြား ရေးမှူးဒေါ်နန့်စယ်လီလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများက ကြက်ခြေနီတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ၊ အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆု၊ ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသော အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများအား တစ်ဦးချင်း လည်ဆွဲဆုများ၊ အမျိုးသား/အမျိုးသမီး နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသော အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများအား ငွေသားဆုများနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ပထမဆုရရှိသော ဘားအံမြို့နယ်အမျိုးသမီးဘောလုံးအသင်းအား ငွေသားဆု (၁၀)သိန်းနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပထမဆုရရှိသော မြဝတီမြို့နယ်အမျိုးသားဘောလုံးအသင်းအား ငွေသားဆု (၁၀)သိန်းနှင့်တံခွန် စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)