ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူ



MNP - အောက်တိုဘာ  ၁၀


ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက တက်ရောက် ဆွမ်းဆန်တော်များ လောင်းလှူကြသည်။


ထိုသို့ ကျင်းပပြုလုပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာအသီးသီးမှ စေတနာရှင် ပြည်သူများ၊ လူငယ်အဖွဲ့အစည်းများစုပေါင်းကာ မိမိတို့ ရပ်ကွက်၊ ကျေးရွာများအလိုက် ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း ဝါတွင်းကာလ၌ ဆွမ်း ဆန်တော်လောင်းလှူပွဲကို ကျင်းပလျက်ရှိရာ  ယခုနှစ်တွင်လည်း  ရဟန်း၊ သံဃာတော်များကို မိမိတို့ ရပ်ကွက်များအလိုက် မြို့မဘုန်းတော်ကြီး ကျောင်းမှ စတင်ထွက်ခွာကာ ဈေးကြီးတစ်ပတ်လမ်းမကြီးအတိုင်း စီတန်းလည့်လည်ကာ ရဟန်း၊ သံဃာတော်အပါး (၈၀) ခန့်အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တူများ စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)