ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကျောင်းကုန်းမြို့ စံပြကွက်ရိတ်သိမ်းမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကျောင်းကုန်းမြို့ စံပြကွက်ရိတ်သိမ်းမှု ကြည့်ရှုအားပေး

 



MNP - အောက်တိုဘာ  ၁၆


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဆူးပဒေါင်း(မြောက်)ကွင်း၊ ဦးပိုင်အမှတ်၅၁/၃၊ ကွင်းအမှတ် ၃၈၅ A၊ ဧရိယာ ၃.၇၀တောင်သူ ဦးဝင်းမောင်၏ ဆင်းသုခမျိုးစပါး စံပြကွက် ရိတ်သိမ်းပွဲသို့ ယနေ့နံနက်၁ဝး၄၅ နာရီအချိန်ခန့် ရောက်ရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က စံပြစိုက်ကွက်စိုက်ပျိုးမှု သစ်စိမ်းမြေဩဇာ ထည့်သွင်းမှုတို့ကို မြေပုံနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စံပြကွက်ရိတ်သိမ်းထားရှိမှု ချိန်တွယ်နေမှု ကြည့်ရှုခဲ့ပြီး စိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံ၍ အထွက်နှုန်းတိုးဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြဖို့ လိုကြောင်း၊ ဓာတ်မြေဩဇာကိုလည်း စနစ်တကျ အချိုးညီစွာ ထည့်ကြဖို့ ရှင်းလင်းပြောကြားခဲ့သည်။ ယနေ့‌ စံပြကွက်ရိတ်သိမ်းမှမှာ အစိုတင်း ၁၁၈.၈၂ တင်း၊ အခြောက်တင်း ၁၀၅.၈၀ တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအေးကြွယ်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)