ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်လှူပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်လှူပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်အား ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်နေ့၊၂၀၂၂ ခုနှစ်၊ ယနေ့နံနက် (၅) နာရီမှ စတင်ကာစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရွှေသာလျောင်းဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်လေးနှင့်အဖွဲ့ဝင်များက ပင့်သံဃာဆရာတော်ကြီးများအား အာရုံဆွမ်းများ ဆပ်ကပ်လှူဒါန်းကြပြီး ရေစက်ချတရားနာယူ ကြည်ညိုကြသည်။ ထို့နောက် ခရိုငစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ ဂေါပကဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များ၊ နယ်သူ/နယ်သား၊ ပြည်သူများက ရွှေဆင်၊ ငွေဆင်များဖြင့် ရွှေသာလျောင်းဘုရားကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ကာ ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့ နယ်သူ/နယ်သားများအနေဖြင့် ရွှေသာလျောင်းဆုတောင်းပြည့်  မြတ်စွာဘုရားကြီး အား ရှေးယခင်က မုန့်များဖြင့် ဆင်အရုပ်များပြုလုပ်ကာ ကပ်လှူပူဇော်ခဲ့ကြကြောင်းနှင့် ဆင်အရုပ်များ လှူခြင်းဖြင့် ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံများ အထွက်ကောင်းမွန်ကြောင်း သိရှိရကာ ဆင်အကအလှ ပြိုင်ပွဲအား ၁၃၈၄ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)