ဒက္ခိဏသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ ၂၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမင်းဦးက အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှု လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ဘဏ္ဍာ၊ပညာ၊ စစ်ဆေးရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြေကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်း(၂၂)ကျောင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၂၂)ဦးတို့ကို နည်းပြ (၃)ဦးက အောက်တိုဘာ ၂၉ ရက်မှ ၃၁ရက်အထိ ပညာ၊ ဘဏ္ဍ၊ စီမံကိန်း၊ စာရင်းအင်း၊ စီမံကိန်းကြီးကြပ်၊ အကဲဖြတ်စသည့် ဌာနလုပ်ငန်းများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)