MNP ၊ အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါကျွတ်ကာလ ကျေးရွာလုံးကျွတ် ကထိန်သင်္ကန်းများ လိုက်လံ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာသူ ကျေးရွာသားများစုပေါင်းကာ လိုက်လံ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကထိန်သင်္ကန်း ဆက်ကပ်ရာတွင် ဒုံဝန်းကျေးရွာရှိ ညောင်ပင်သာကျောင်းတိုက်၊ ရတနာဇေယျုံကျောင်းတိုက်၊ ရွှေကျောင်းကြီးကျောင်းတိုက်နှင့် အသောကရာမကျောင်းတိုက်တို့၌ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ပြီးနောက် ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်တရားတော်များ နာယူ၍ လှူဒါန်းခဲ့မှုအစုစုအတွက် ရေစက်သွန်းချ အမျှတန်းဝေ သာဓုခေါ်ဆိုခဲ့ကြသည်။
ထို့နောက် ဒုံဝန်းကျေးရွာအတွင်းရှိ ဆရာတော်အရှင်သူမြတ်များအား ဒါယကာ၊ ဒါယိကာမများမှ နှစ်စဉ်အစဉ်အလာအတိုင်း ရိုးရာဓလေ့နှင့်အညီ ကျောင်းစဉ်အလိုက် လိုက်လံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment