တောင်ကုတ်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်





MNP ၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ ၊ အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှကြီးမှူး၍ လူကုန်ကူးမှုစိစစ် ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ၊ ဥက္ကဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍အမှာစကားပြောကြားပြီးနောက် အခမ်း အနားသို့တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ ၊သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ အမှတ်(၅) ၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲအုပ် သန်းဌေး က လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီးနောက် သင်တန်းသား၊သင်တန်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးသည်။

အဆိုပါ သင်တန်းမှာ အောက်တိုဘာ(၁၂)ရက်နေ့မှ(၁၃)ရက်နေ့အထိ (၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများတိုးပွားစေပြီး အများပြည်သူများကို ဝိုင်းဝန်းပံ့ပိုး စည်းရုံးပေးခြင်း ၊ လူမှောင်ခိုကူးသူများ စိမ့်ဝင်ထိုးဖောက်လာမှုအား တားဆီးနိုင်ခြင်းတို့ကြောင့် ကျေးလက်ဒေသပါမကျန် ဝိုင်းဝန်းကာကွယ်နိုင်မည်ဖြစ်ကြောင်း ရဲအုပ် သန်းဌေး ထံမှသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်စာရေးဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)