ဒဂုံမြို့နယ် အ.ထ.က(၂)ကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် အ.ထ.က(၂)ကျောင်းတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်



MNP - အောက်တိုဘာ    ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ဒဂုံမြို့နယ်တွင်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃ /၂၀၂၂)ဆင်းပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (မြို့မကျောင်း)တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းတွင် ဒဂုံမြို့နယ်အတွင်းမှ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၄၅)ဦးတက်ရောက်ခဲ့ကြပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ၃ ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ဒဂုံမြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်က အဖွင့်အမှာစကားပြောကြား၍ အထက(၂)ဒဂုံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ပြီးစာတွေ့ လက်တွေ့များပါသင်ကြားပို့ချပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။


အခမ်းအနားသို့ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် သင်တန်းသားကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်နှင့်မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)