တာမွေမြို့နယ်တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - အောက်တိုဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကုန်တိုက်များ၊ စည်ပင် သာယာဈေးများနှင့် စတိုးဆိုင်များတွင် သီတင်းကျွတ်ကာလ၌ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေး၊ ဒဂုဏ်ညွန့်ဈေးနှင့် Orange ဈေးဝယ် စင်တာတို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း သီတင်းကျွတ်ကာလ၌ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါကဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ဈေးသူ/သားများနှင့် အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


တာမွေမြို့နယ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကာလကို အကြောင်းပြု၍ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များ၊ မီးပန်းများအား ပစ်လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းများ ပြုလုပ်ရာမှ မီးဘေး အန္တရာယ် ဖြစ်ပေါ်နိုင်ခြင်း၊ အဆိုပါ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ၊ မီးပန်းများအား ပစ်လွှတ်/ ပစ်ဖောက်ရာမှ အများပြည်သူများ အထိတ်တလန့်ဖြစ်ခြင်းတို့ကြောင့် မြို့နယ်အတွင်း ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ၊ မီးပန်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်လွှတ်ခြင်းနှင့်  ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)