မချမ်းဘော့၌ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့၌ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ



MNP - အောက်တိုဘာ  ၄


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဒုလယ်ပြ ဆရာမသည် အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီအချိန်တွင် နေမကောင်းပါသဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးခန်းပြသရာ ကျန်းမာရေးဆရာမမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို ဆက်လက်စစ်ဆေးခဲ့ရာ ဆရာ၊ ဆရာမ ၃ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး စုစုပေါင်း ၂၀ ဦးတွေ့ရှိခဲ့သည့်အနက်မှ ကျောင်းသူ ကျောင်းသား ၇ ဦးနှင့် ဆရာမ ၁ ဦး ပေါင်း ၈ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward သို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိပြီး ဆရာ ဆရာမ ၃ ဦးနှင့် ကျောင်းသူ ကျောင်းသား ၉ ဦးတို့ကို ပြည်သူ့ဝန်ဆောင်မှုရုံး Positive Centre သို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်အရ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်စေကာအသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)