ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်

 



MNP - အောက်တိုဘာ   ၉


ကရင်ပြည်နယ်မှ ထူးချွန်ထက်မြတ်သည့် အမျိုးသမီး ရွက်ပုန်းသီးအားကစားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူဆွတ်ခူးနိုင်ရန် ရည်ရွယ် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။


ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲအပြီးတွင် ဘားအံမြို့နယ်အသင်းက ကော့ကရိတ်မြို့နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးနိုင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့၏ဇနီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်တို့က ပြိုင်ပွဲတစ်လျှောက် ကူညီပေးခဲ့ကြသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုငွေများ၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစား သမားဆု၊ ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဒုတိယရရှိသော ကော့ကရိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ငွေသားဆု (၇) သိန်းနှင့် ဆုကလပ်တို့ကို ပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပထမဆုရရှိသော ဘားအံမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ငွေသားဆု (၁၀) သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)