ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြိုနယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့က အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်း‌ဆောင်သစ်များတည်ဆောက်နေမှုကို ကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးခေါင်းဆောင်၍  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Moe Oo ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော (ပေ ၆၀× ပေ၃၀)ရှိ ရှမ်းဂံကျေးရွာမူလတန်း( RC)တစ်ထပ်ကျောင်းဆောင်သစ်ကို သြဂုတ်လအတွင်းတွင် စတင်ဆောက်လုပ်ပေးလျက်ရှိရာ ၃၀% ပြီးစီးမှုကိုလည်းကောင်း၊ Aung Nan Pyae ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော (ပေ ၆၀× ပေ ၃၀)ရှိ ရဲချောင်းဝကျေးရွာ မူလတန်း(RC) တစ်ထပ်ကျောင်းဆောင်သစ်ကို စက်တင်ဘာလအတွင်းတွင် စတင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀% ပြီးစီးမှုကိုလည်းကောင်း၊ Builder 89 ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော (ပေ ၆၀×ပေ ၃၀)ရှိ ကြာဖြူကန် ကျေးရွာမူလတန်း(RC)တစ်ထပ်ကျောင်းဆောင်သစ်ကို သြဂုတ်လအတွင်းတွင် စတင်ဆောက်လုပ်ပေးလျက်ရှိရာ ၃၂% ပြီးစီးမှုတို့ကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး ထိုကျောင်းဆောင်သစ်များအား သတ်မှတ်သည့်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးစစ်ကြောင်းအဖွဲ့ဝင်တို့က တာဝန်ခံအင်ဂျင်နီယာနှင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးလမ်းညွှန် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ထိုပညာရေးစစ်ကြောင်းကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များတည်ဆောက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကောင်းမွန်သော အစီအစဉ်ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - သီတာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)