ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ အောက်တိုဘာ ၂၇

ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ရာသီအလိုက်ပွဲတော်များ ရပ်နားထားခဲ့သော်လည်း ပြည်သူများ စိတ်အမောပြေစေနိုင်ရေး မဟာသင်္ကြန်ပွဲတော်ကို မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအလိုက် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုအခါမှာလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးရန် စီစဉ်လျက်ရှိပြီး မြို့မိ/မြို့ဖများကလည်း မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ပုံရိပ်ထူးခြားကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တန်ဆောင်တိုင်ကာလအတွင်း လူတစ်သောင်းအား စတုဒီသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် စုပေါင်းပါဝင်လာနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျနေရာချထားသွားရန်လိုအပ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ရွေ့လျားစက်လှေကားဖွင့်ပွဲ၊ မဟာဘုံကထိန်နှင့် အခြားလှူဒါန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ 


ထို့နောက် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် မြို့မိ/မြို့ဖများက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော်ကျင်းပနိုင်ရေး ကဏ္ဍအလိုက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)