မြင်းခြံမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကျင်းပ



MNP - အောက်တိုဘာ  ၁၉


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ်မြောက်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြင်းခြံမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒေါဘာသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြပြီး ဘုံကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြကာ မြင်းခြံမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒေါ ဘာသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညိုရေစက်ချ အမျှပေးဝေကြသည်။


ထို့နောက် အရှင်ပညာဇောတ(သာသနဓဇဓမ္မာစရိယ)က ကထိန်အလှူတော်မင်္ဂလာ အောင်မြင်ကြောင်း အောင်ဂါထာကို ရွတ်ဆိုပူဇော်ပြီး ဗုဒ္ဓသာသနံ စိရံတိတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


မြင်းခြံမြို့၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ကျင်းပခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် မဟာဘုံကထိန်၌ ဝတ္ထုငွေ (၉,၂၉၁,၀၀၀)ကျပ်၊ ပစ္စည်းတန်ဖိုး(၂,၄၅၄,၆၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၁၁,၇၄၅,၆၀၀)ကျပ်တိတိကို ရေစက်ချလှူဒါန်းခဲ့ကြောင်း  သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)