ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆာဖိုးသာ မိုးစပါးစံကွက် ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆာဖိုးသာ မိုးစပါးစံကွက် ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး

 



MNP - အောက်တိုဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ မုန်းသီတာကုမ္ပဏီ၏ ကန်ထရိုက်လယ်ယာမြေ ဧက(၆၀၁)ဧက၌ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်ခန့်က ဆာဖိုးသာ မိုးစပါးစံကွက် ရိတ်သိမ်းနေမှုသို့ ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ ဆာဖိုးသာစပါးမျိုးမှာ ရွှေကျင်းကြီး သမဝါယမလီမိတက်က ဗီယက်နမ်နိုင်ငံမှ တင်သွင်းသော မျိုးဖြစ်ပါကြောင်း၊ မူလအမည်မှာ HAPHAT-3 (HP-3)ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ ‌ခုနှစ်နွေစပါးရာသီက စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)၊ ကျောက်တံတားသုတေသနခြံ(မတ္တရာ)နှင့် ဆန်စပါးသုတေသနဌာန(မှော်ဘီ) စသည့်(၃)နေရာတွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧက တင်း(၁၅၀)ကျော် ထွက်ရှိသော စပါးမျိုးဖြစ်ကြောင်း၊ ၎င်းနေရာ(၃)ခု၌ ယခုမိုးရာသီတွင်လည်း စိုက်ပျိုးထားပါကြောင်း၊ ရိတ်သိမ်းထွက်ရှိလာပါက အမျိုးသားမျိုးစေ့ကော်မတီသို့ မျိုးစေ့မှတ်ပုံတင်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုန်းသီတာကုမ္ပဏီ တာဝန်ခံ ဦးဌေးရှိန်က ပြောသည်။


ဆာဖိုးသာစပါး စံကွက်ရိတ်သိမ်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ အစိုတင်း (၁၇၈.၆၃)နှင့် အခြောက်(၁၄၈.၂၆) တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဌာနက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)