MNP - အောက်တိုဘာ ၁၀
ယမန်နေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြပြီး ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ညပိုင်းတွင် ဘုရားကြီးအား ဆီးမီး ၁၀၀၀၀ ဖြင့် ထွန်းညှိပူဇော်ခြင်း၊ အလှူရှင်များက ဘုရားဖူး လာရောက်ကြသူများအား စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း - ခင်စိမ်းဝင်း
မြန်မာနရှင်နယ်ပို့စ်
No comments:
Post a Comment