တောင်ကုတ်မြို့၌ (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်း







MNP ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ ၊ ရဲချုပ်ထံမှ ပေးပို့သော(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာ အား တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ကဖတ်ကြား ပြီး နောက် ရဲတပ်ဖွဲ့တွင် အသက်ကိုပဓာနမထားဘဲတာဝန်ထမ်းဆောင်ကာ ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် (၂) ဦး၏ ရဲဗလဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းများကို ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ကမိသားစုများသို့ပေးအပ် ရာကျဆုံးရဲတပ်ဖွဲ့ဝင်(၂)ဦး၏ဇနီးများကလက်ခံရယူသည်။ထို့နောက် အမှုစစ်သင်တန်း(အခြားအဆင့်)တွင် ဆုရရှိခဲ့သည့် တောင်ကုတ်ရဲစခန်းမှ တပ်ကြပ်ကြီးအောင်သန်း အားဂုဏ်ပြု ဆုချီးမြှင့်ရာ ကာယကံရှင် ၏ ကိုယ်စား ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)