အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) မြန်အောင်၌ဖွင့်လှ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) မြန်အောင်၌ဖွင့်လှ

 



MNP - အောက်တိုဘာ ၄


ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက်က အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်တို့က သင်တန်းဖွင့်အမှာစကား ပြောကြားကြပြီး မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး တာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် စည်းကမ်းသေသပ်မှု (အခြေခံလက်နက်မဲ့စစ်ရေးပြ)၊ မီးသတ်ပညာဘာသာရပ် (စာတွေ့လက်တွေ့)၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း (စာတွေ့လက်တွေ့)တို့ကို ရက်သတ္တပတ်(၄)ပတ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ သင်တန်းသား (၅၀)ဦး တက်ရောက်ကြောင်း မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူ ထံမှသိရသည်။


သတင်း - ဝင်းဗိုလ်မြန်အောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)