MNP - အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့လယ်ပိုင်းက စတုဒိသာများကျွေးမွေးလှူဒါန်းခြင်းဖြင့် သီးတင်းကျွတ်လပြည့်နေ့ကို စည်ကားပျော်ရွင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
အဆိုပါသီးတင်းကျွတ်လပြည့်နေ့တွင် အမှတ်(၃)ရပ်ကွက်၊လမ်းမတော်လမ်း၌ ကိုအောင်မြတ်သူ မိသားစုမှ စတုဒိသာအဖြစ် မုန့်ဟင်းခါးများကို ကျွေးမွေးလှူဒါန်းခဲ့ရာ ဒေသခံလူကြီး၊ လူငယ်၊ ကလေးများ လာရောက်ပျော်ရွင်စွာသုံးဆောင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
သီးတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ၌ မီးထွန်းညှိ၍ မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ခြင်းများပြု လုပ်သွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment