ဘူးသီးတောင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ မြို့မဈေး ရှေ့ဈေးဆိုင်တန်းတွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ မြို့မဈေး ရှေ့ဈေးဆိုင်တန်းတွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား




MNP - အောက်တိုဘာ   ၂၀


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၆) မြို့သစ်တောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့မဈေးရှေ့ရှိ အား/ကာဈေးဆိုင်တန်းရှိ ဆိုင်ခန်း(၁)ခန်းတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ အဆိုပါဆိုင်းခန်းရှိ ဈေးဆိုင်ခန်းတွင် အသုံးပြုလျက်ရှိသော ရေခဲသေတ္တာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ဘူးသီးတောင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၂)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့ဆစွာသုံးစွဲခဲ့သူအား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)