ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ နှင့် နောင်ယားကန်သာယာဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ နှင့် နောင်ယားကန်သာယာဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး




MNP - အောက်တိုဘာ ၂၉


ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့များသန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး များ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၌ အားကစားအမျိုးအစားများအလိုက် အားကစားရုံများ၊ အားကစားကွင်းများ၊ ရေကူးကန်များ စနစ်တကျပြင်ဆင် ဆောင်ရွက်ထားမှုများနှင့် ဌာနဆိုင်ရာ အသီးသီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများ၊ နောင်ယားကန်ပတ်လမ်းတစ်လျှောက် ပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် အပန်းဖြေနိုင်စေရေးနှင့် ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ထားမှု များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင်  မြို့များသန့်ရှင်း သာယာလှပစေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေး စေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ကောင်းများ ဖြစ်စေရေး၊ ပြည်သူများအေးချမ်းစွာဖြင့် အပန်းဖြေစေနိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူ များနှင့် သက်ဆိုင်သည့် နေရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)