သာယာဝတီမြို့တွင် ခရိုင်အဆင့် ၈ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ခရိုင်အဆင့် ၈ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ




MNP - အောက်တိုဘာ   ၁၂


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း(OSS)ရုံခန်းမတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် သာယာဝတီခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးကိစ္စဟာ လက်ရှိကာလမှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးဖြစ်ပြီး ဖွံ့ဖြိုးဆဲဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကလေးအလုပ်သမားပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အားလုံးပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုကြောင်း၊ ကလေးများအား ကလေးအလုပ်သမား ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး၊ ဥပဒေအရ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေးတို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကျွန်တော်တို့ သာယာဝတီခရိုင်အတွင်းမှာ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူလူထု၊ ကျောင်းသားလူငယ်များ၊ ကျောင်းသားမိဘများ အကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ဖို့လိုအပ်သလို သတ်မှတ်ထားသော ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီဘဲကလေးများကို အလုပ်စေခိုင်းနေသူများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်း၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာသင်ကျောင်းများသို့ တက်ရောက်နိုင်ရေး စီမံပေးရေးတို့ကို ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားခဲ့ပြီး သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား အမျိုးအစားဆိုင်ရာသိကောင်း စရာများ၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် ပတ်သက်၍ အသိပညပေး ဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်အေးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအရ ကလေးသူငယ်များအား အလုပ်ခိုင်းစေခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားပြီး သာယာဝတီခရိုင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့်ပတ်သက်၍ အသိပညာဆွေးနွေးခြင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းစသည့် အကြောင်းအရာများအား အသီးသီးအသိပညာပေး ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)