မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကံမမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကံမမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

 



MNP - အောက်တိုဘာ  ၂၉                    


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အခြေခံပညာ အထက်တန်းကျောင်း(ကံမ)နှင့်ကျေးရွာအုပ်စု(၄)အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၃)နာရီ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ  ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ပေးအပ်ခဲ့ ကြသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာခရိုင် ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူးမှ ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးတင့်လွင် လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကိုနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ တို့အား အိမ်ထောင်စုလူဦးရေ စာရင်း (၂၆၂)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂၀)တို့အား ပေးအပ်ခဲ့ ပြီး ဝန်ကြီးချုပ်က ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာများနှင့် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)