လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ   ၄


နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌     ကျင်းပရာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇနိန္ဒအရှင် သူမြတ်အမှူးပြုသည့်  ဆရာတော်သံဃာတော်(၃၄)ပါး ကြွရောက်ချီးမြှင့်တော်မူကြပါသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးဦးစီးဌာန၊ သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်း ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ခြင်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လယ်ဝေးမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ရေစက်ချတရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းကာ နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။


လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)