မိတ္ထီလာတွင် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတွင် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ



MNP - အောက်တိုဘာ  ၁၆


မိတ္ထီလာတွင် ငြိမ်းအေးဝေစည်မြန်မာပြည်အနာဂါတ်ခေါင်းဆောင်မှုသင်တန်း ၊ မြို့နယ်စာရေးဆရာ အသင်းနှင့် မိတ္ထီလာဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်းများအသင်းတို့ ပူးပေါင်းကျင်းပသော ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း (Religious Tourism) ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မဂ္ဂင်လမ်း နန်းတော်ဟိုတယ်ခန်းမ၌ ကျင်းပကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ငြိမ်းအေးဝေစည်မြန်မာပြည် အနာဂါတ်ခေါင်းဆောင်မှုသင်တန်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်မြင့်က ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ရခြင်း အကြောင်းကို ပြောကြားသည်။ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ဆောင်းပါးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်းအကြောင်းနှင့် ဆုရွေးချယ်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး မိတ္ထီလာ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ရှင်က ဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထိုနောက် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ စာရေးဆရာဒေါက်တာထွေးက နိုင်ငံတော်မှ  ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်ချိန် ဖြစ်သည့်အတွက် ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း (Religious Tourism) ကိုလည်း အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားသင့်ကြောင်းနှင့် ဘာသာရေးနှီးနွယ် ခရီးသွားလုပ်ငန်း (Religious Tourism) ဆက်စပ်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် အဆိုပါ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦး ဖြစ်သည့် စာရေးဆရာမ မြကြာငုံ (ဒေါက်တာနီလာသိန်း) က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)