ကချင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအထိ သဘာဝဘေး (၂၂၂) ကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်အတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအထိ သဘာဝဘေး (၂၂၂) ကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်အတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ခဲ့

 



MNP - အောက်တိုဘာ  ၁၃


ကချင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအထိ သဘာဝ ဘေး (၂၂၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်တို့အတွက် ထောက်ပံ့မှုများပြုလုပ် ပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီးဌာနရုံး၊ ခန်းမ၌ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျှော့ချ ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ UN ၊ INGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့် လူထုတစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာရေး စည်းရုံး ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ယခုနှစ်အထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်ပါအတိုင်း သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို အားလုံး ပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် လူ့အသက်၊ အိုးအိမ် ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းစေမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်မှု ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ (Head of UNDRR) Ms. Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ပြောကြားသည့် သတင်းစကားဗီဒီယိုနှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံး ရှုံးနိုင်ခြေ လျှော့ချရေးနေ့ မှတ်တမ်းဗီဒီယိုအား ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO ၊ INGO အဖွဲ့ အစည်းများမှတာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆုံးရှုံး နိုင်ခြေလျှော့ ချရေး နေ့အထိမ်းအမှတ် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်း အဖွဲ့များမှ ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့မှုပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း များပါဝင်သည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြသည်။


ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှု၊ ထောက်ပံ့ပေးနိုင်ခဲ့မှုများနှင့် ပတ် သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ (mini) ဘတ်ဂျက်နှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှု (၁၇၄) ကြိမ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (၆) လတာကာလအတွင်း သဘာဝဘေးဖြစ်ပွားမှု (၄၈)ကြိမ်တို့တွင် ထိခိုက်ခဲ့သည့် အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်တို့အတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း၊ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ၊ အသိပညာပေးဟောပြောပွဲများကို စုစုပေါင်း (၃၇) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့‌ကြောင်း ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာ နရုံးမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)