မိုင်းယောင်းမြို့တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သွားလာရခက်ခဲသော ဇိအုံကျေးရွာ၌ အေးချမ်း၊ အောင်မြေနှင့် ဇိအုံကျေးရွာနေ ရွာသူရွာသားများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေး စစ်ကြောင်းတို့၏ လုပ်းငန်းများနှင့် ပတ်သတ်၍ အမှာစကားပြောကြားပြီး သက်ဆိုင်ရာစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် အေးချမ်း၊ အောင်မြေနှင့် ဇိအုံကျေးရွာတို့မှ ‌ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လမ်းတံတားနှင့် ကျေးရွာမီးလင်းရေး စသည့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


တွေ့ဆုံပွဲအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်-၂၊ အဖွဲ့ဝင်-၃ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းမြင့်လှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)