MNP - အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက မီးကြိုး၊ မီးတိုင်များ လဲနေပါက ပြန်လည်ဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေး ဆောက်ရွက်ရန်၊ မိမိတို့ရုံးဌာနများတွင် ရုံးပြင်၊ ရုံးတွင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည့် လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတို့တက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးသတိပြုဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment