MNP ၊ အောက်တိုဘာ ၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို အောက်တိုဘာ (၁)ရက်နေ့မှစတင် ၍ ရပ်ကွက်/ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး နေကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ဒုတိယ (၃)လပတ် (ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ)လများအတွက် (၁)လလျှင်၁၀၀၀ဝိ/-ကျပ်နှုန်းဖြင့် ကျပ် ၃၀၀၀ဝိ/-တိတိကို ရပ်ကွက်/ကျေးရွာအုပ်စု ( ၄၁)အုပ်စုအတွင်းရှိ ဘိုးဘွား (၅၄၇ )ဦးအတွက် ငွေကျပ် (၁၆၄၁၀၀၀ဝိ/-)ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင် နှင့်ဝန်ထမ်းများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment