ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့

 



MNP - အောက်တိုဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်း ထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ခဲ့သည့် အမှတ်(၈)ရပ်ကွက်၊ ကြက်တူရွေးတောင်ကျေးရွာ၊ လက်ပံချောင်း ကျေးရွာနှင့် ရွှေဒင်္ဂါးကျေးရွာတို့ရှိ လေဘေး သင့်ခဲ့သည့် စုစုပေါင်းနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၄၃၀၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေကျပ် (၃၅၇၀၀)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ကျပ် (၄၆၅၇၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၄)ပုံးနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ထောက်ပံ့ ပစ္စည်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လေဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)