သထုံမြို့ နယ်၌ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ နယ်၌ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်





MNP ၊  အောက်တိုဘာ  ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  ဖွင့်လှစ်သည့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက သင်တန်းဖွင့် အမှာစကား ပြော ကြားပြီး  ခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနမှူးဒေါ်သင်းသင်းဆင့်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်တို့က  သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆီထွက်သီးနှံ(နေကြာ)တစ်ဧက တစ်ဧကအထွက်နှုန်းတိုးမြင့်အောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စသည်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။


အဆိုပါသင်တန်းကို ‌မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ နှစ်ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာရှင်များက ဆီထွက်သီးနှံ(နေကြာ)တစ်ဧကအထွက်နှုန်းတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆောင်းသီးနှံစိုက်တောင်သူ(၄၂)ဦးတို့ အား စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)