သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 



MNP - အောက်တိုဘာ   ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင်ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကိုနားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပြသ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်းပိတ်ရက်မရှိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အလှူရှင်များမှ ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန်များ လာရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့လယ်မဟာသာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


သတင်း - ခင်လေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)