MNP ၊ အောက်တိုဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်မှုများတွင် ပါဝင်သူတချို့ကို ပြန်လွှတ်ပေးခဲ့ပြီး လွအကျဉ်းထောင်မှ လွတ်မြောက်လာသည့် အနုပညာရှင်တစ်ဦးက အခုထိ သပိတ်လုပ်နေကြတုန်း၊ တော်လှန်ရေး က မပြီးသေးဘူးလား ဟု မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။
အဆိုပါ အနုပညာရှင်က "တော်လှန်ရေး လုပ်ရမယ်ဆိုလို့ ကျွန်မတို့လည်း လုပ်ခဲ့ပါတယ်။ တော်လှန်ရေးရဲ့ အကျိုးရလာဒ်ဟာ ဘာလဲ။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး ကြောက်ရွံ့ထိတ်လန့်နေရတာကလွဲပြီး ဘာမှထူးခြားလာတာ မရှိဘူး။ အခုထိ သပိတ်မျိုးစုံမှာ ပါဝင်ဖို့ လှုံ့ဆော်နေကြတုန်းပဲ။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အာဏာယူချင်တဲ့သူတွေက ပြေးကုန်ကြတယ်။ ဒီမှာကျန်ခဲ့တဲ့ လူငယ်တွေကို အဝေးကနေ မှိုင်းတိုက်နေကြတုန်းပဲ။ မှိုင်းမိခဲ့တဲ့အထဲမှာ ပါခဲ့ပါတယ်။ တော်လှန်ရေးသမားဆိုသူတွေရဲ့ လုပ်ရပ်တွေကို အကျဉ်းထောင်ထဲမှာ ကြားသိခွင့် ရလာတယ်။ ဘုရားဖူးတွေကို ပစ်တယ်။ ထောင်ပါဆယ်ဌာနမှာ လာပြီး ဖောက်ခွဲတယ်။ ဒါဟာ တော်လှန်ရေးလား၊ အောက်တန်းကျတဲ့ အကြမ်းဖက်လုပ်ရပ်လို့ မြင်တယ်။ ရွံလာတယ်။" ဟု ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့ကြသည့် ထိပ်ပိုင်း အနုပညာရှင်တချို့ကို လွှတ်ပေးခဲ့စဉ်က အပြစ်မဲ့ ပြည်သူများ သေကျေပျက်စီးဆုံးရှုံးအောင် လှုံ့ဆော်ခဲ့ကြသူများကို လွှတ်ပေးသည့်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး လွှတ်မြောက် လာသူတချို့သည် အကြမ်းဖက်လှုပ်ရှားသူများကို နောက်ကွယ်မှ ပံ့ပိုး၍ ဆက်သွယ်လှုပ်ရှားမှုများ ရှိနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment