မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေဈေးတွင် ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်း၇၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေဈေးတွင် ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်း၇၀ ရာခိုင်နှုန်းပြီးစီး



MNP - အောက်တိုဘာ   ၁၄  


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေဈေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဝေကျေးရွာရှိ ရေဝေဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များ အဆင်ပြေစွာရောင်းချနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဈေးရုံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၅.၀၇၃ သန်းဖြင့် ရေဝေကျေးရွာရှိ ရေဝေဈေးတွင် အလျား ပေ ၁၀၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၉ ပေ ရှိသည့် Steel Structure ၊ သွပ်မိုးဈေးရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION ကုမ္ပဏီကတာဝန်ယူ၍ စက်တင်ဘာလ ပထမပတ်မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဈေးရုံတည်ဆောက်လျက်ရှိသည့်ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရသည်။


မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဝေကျေးရွာရှိ ရေဝေဈေးကို ၅ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အဆိုပါဈေးကို ရေဝေကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)