ဖားဆောင်းမြို့ မွေတော်ပရိယတ္တိတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့ မွေတော်ပရိယတ္တိတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


MNP - အောက်တိုဘာ  ၁၈


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ဘုရားပရဝဏ်အတွင်းခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ အုတ်၊ သဲ၊ ကျောက်များသယ်ခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများကပူးပေါင်းပါဝင်၍ မွေတော်ပရိယတ္တိစာသင်တိုက်ဝင်းနှင့် ဘုရားစေတီတော်ဝင်းအတွင်း အမှိုက်များ၊ မြက်ပင်များ၊ ခြုံနွယ်များ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုတ်၊ သဲ၊ ကျောက်များသယ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသယ်ယူခြင်း သတ်မှတ်နေရာတွင် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းတို့ကို စုပေါင်းအင်အား(၃၅၀)ဦးခန့်က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)