၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ   ၁၃


၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဝူရှူး(ထောက်လု/ဆန်းဆို) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း Multipurpose Stadiumi ၌ နံနက်(၈)နာရီတွင် ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အား ကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက် ရွတ်ဆိုသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး ထောက်ပံ့ကြေးငွေများကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အားကစားသမားများ၊ နည်းပြများ၊ ဒိုင်အဖွဲ့များ စုစုပေါင်းအင်အား(၂၇၄)ဦးအတွက် တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် စုစုပေါင်းကျပ် လေးဆယ့်တစ်သိန်းတစ်သောင်း(၄၁၁၀၀၀၀/-)အား ထောက်ပံ့ပေးအပ်ခဲ့ သည်။


ဆက်လက်ပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်လေးများက သရုပ်ပြသခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)